မင်းတပ် ဒီဇင်ဘာ ၈
မင်းတပ်မြို့မစျေးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စျေးရောင်းစျေးဝယ်ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်းကို အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
မင်းတပ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ နှာခေါင်းစည်း (၅၀၀)ခုနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ် ကျန်းမာရေးမှူး ဦးသိန်းတိုးဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့်အချက်များကို Hand Speaker ဖြင့် အသိပေးခြင်းဆောင်ရွက်ခဲ့ကြသည်။
မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ မြို့အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
ဆလိုင်းအောင်(ပြန်/ဆက်)