ခိုင်ကမ်း ဒီဇင်ဘာ ၈
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေသည့် Campaign ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mask တပ်ဆင်ရေး Campaign ကို ခိုင်ကမ်းမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သွားရောက်မည့် ခရီးသွားမိဘပြည်သူ များအားလည်းကောင်း၊ ခိုင်ကမ်းမြို့မှ ချင်းပြည်နယ်သို့ သွားရောက်မည့် ခရီးသွားမိဘပြည်သူများအားလည်းကောင်း Mask များကို အခမဲ့ ဖြန့်ဝေခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ခိုင်ကမ်းမြို့ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများ၏ သက်ဆိုင်ရာကျန်းမာရေး ထောက်ခံစာများကို စစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးရေး လုပ်ငန်းများကိုနေ့စဉ် စစ်ဆေး ပြုလုပ်ပေးလျက်ရာခိုင်ကမ်းမြို့ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)