ဖရူဆိုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ စုပေါင်း၍ မဟာဘုံကထိန်ကျင်းပ

ဖရူဆို ဒီဇင်ဘာ ၈

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများစုပေါင်း၍ ၂၀၂၀ ပြည့်နှစ် စုပေါင်းမဟာဘုံကထိန်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများနှင့် အညီ ယနေ့ နံနက်ပိုင်းက လောခုခူကျေးရွာ၊ လောခုခူထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်တို့နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ် ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကာ တရားတော်များနာယူသံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဖရူဆိုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေးအတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး နည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

           

တောရယ်(ပြန်/ဆက်)