မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် Air-Cooler အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မန္တလေး ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ အကွက်(၁၆၇)ရှိ ၂၃လမ်း၊ ၈၂လမ်းနှင့်၈၃ကြား၊ Royal Black Stone Condo အ‌နောက်ခြမ်း ၅လွှာရှိ အခန်း C-5 တိုက်ခန်းတွင် ယနေ့နံနက် ၁၁နာရီခွဲက Air-Cooler အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ ဒုတိယတိုင်း မီးသတ်ဦးစီးမှူး ဦးဌေးဝင်း၊ အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့်သန္ဓေတပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်တပ်ဖွဲ့ဝင် (၇၀)ဦး တို့က အုပ်ချုပ်မှုယာဉ်( ၂ )စီး၊မီးငြှိမ်း သတ်ယာဉ် (၁၀)စီး၊ ရေသယ်ယာဉ်(၅)စီး၊ ရေဂါလံ (၅၀၀၀)တို့ဖြင့်မီးငြိမ်းသတ်ခဲ့ရာ နံနက် (၁၁)နာရီ (၄၀) မိနစ်တွင် မီးငြိမ်းနိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှု‌ကြောင့် လျှပ်စစ်မီးအား ပေါ့ဆစွာသုံးစွဲသူ C-5တိုက်ခန်း ပိုင်ရှင်ဖြစ်သူအား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်လင်းဦး