လယ်ဝေး မတ် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သူတိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီမှစ၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်နိုင်ရေး လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားလျက်ရှိသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအနေဖြင့် စာအုပ်များငှားရမ်းခြင်း၊ ဖတ်ရှုခြင်း၊ Wifi အခမဲ့ သုံးစွဲခြင်း၊ ကလေးစာဖတ်ခန်းတွင် ကလေးငယ်များ လာရောက်စာဖတ်ခြင်း၊ ပုံဆွဲခြင်းနှင့် ကစာခြင်းများ ဆောင်ရွက်သည့်အခါ ပြည်သူ့စာကြည့်တိုက်တွင် စီစဉ်ပေးထားသည့် ဆပ်ပြာဖြင့်လက်ကို စင်ကြယ်စွာ ဆေးပြီးမှ ဝင်ရောက်၍ အသုံးပြုနိုင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ဝေထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး နံရံကပ်ပိုစတာများကို ဖတ်ရှု စေနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)