ရွာသစ် ဒီဇင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်မှုကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဆွေဆွေအေး က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ Talk Show အစီအစဉ် ကျင်းပရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲကို ပညာရေးဌာနမှ ဆရာမ ဒေါ်နှင်းပြည့်စုံမြင့်က အမျိုးသားအောင်ပွဲနေ့ သမိုင်း ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ၊ အမျိုးသားအောင်ပွဲနေ့နှင့် သက်ဆိုင်သည့် အကြောင်း အရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး