လားရှိုး ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့တွင် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ရှောင်လမ်း တိုးဂိတ်၊ ကားဂိတ်များနှင့် မြို့မစျေးအတွင်း လိုက်လံဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၉၉)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်မှပေးပို့သော သဝဏ်လွှာကောက်နုတ်ချက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက်၊ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားနေ့သည့် သက်ဆိုင်သည့် သမိုင်းကျောင်းများ၊ ကဗျာနှင့် ကာတွန်းများ ဖော်ပြပါရှိကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)