လုံယန်း-နောင်တော (၅/၀) မိုင် အပြီးသတ် မြေသားလမ်း ဖောက်လုပ်ခြင်း စတင်ဆောင်ရွက်

မိုင်းနောင်  ဒီဇင်ဘာ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ လုံယန်းကျေးရွာအုပ်စုနှင့် နောင်တောကျေးရွာ အုပ်စုတို့ကို ဆက်သွယ်ထား သော ကျေးရွာချင်းဆက်လမ်း (လုံယန်း-နောင်တော) (၅/၀)မိုင် အပြီးသတ် မြေသားလမ်းဖောက်ခြင်း လုပ်ငန်းကို ၂၅-၁၁-၂၀၂၀ ရက်နေ့နံနက်ပိုင်းမှ စတင်ဖောက်လုပ် ဆောင်ရွက်လျက်ရှိသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပြီး ကျေးလက်နေဒေသခံ တိုင်းရင်းသားများ၏ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝများ ဖွံဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

လုံယန်းကျေးရွာအုပ်စုမှ နောင်တောကျေးရွာအုပ်စုအထိ မြေသားလမ်း အပြီးသတ် ဖောက်လုပ်ပြီးစီးပါက နောင်တောကျေးရွာ၊ မိုင်းဆောင် ကျေးရွာ၊ မိုင်းလင်းကျေးရွာများရှိ၊ ကျေးရွာ အုပ်စု(၃) အုပ်စု၊ အိမ်ခြေ (၄၈၄)အိမ်၊ လူဦးရေ (၂၆၄၉)ဦးတို့သည် ရာသီမရွေး သွားလာနိုင်ပြီး ကျေး လက်နေ ဒေသခံတိုင်းရင်းသားများအားလုံး စီးပွားရေး၊ ပညာရေး၊ လူမှုရေးများ အဘက်ဘက်မှ တိုးတက် လာမည်ဖြစ်သည်။

 

 မိုင်းနောင် ပြန်/ဆက်