၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ပြည်သူထံသို့ဖြန့်ဝေဆောင်ရွက်

ရပ်စောက်      ဒီဇင်ဘာ      

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ()၊အမှတ်()ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းတို့မှယနေ့ နံနက်(၁၁)နာရီက ပြည်သူများ ထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ပြည်သူများအနေဖြင့် အမျိုးသား အောင်ပွဲနေ့ကို မမေ့လျော့စေရန်နှင့် သိသင့် သိထိုက်သော ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်၊ (၁၆.၁၀.၂၀၁၉) ရက်နေ့တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်မှ ပညာရေး မြှင့်တင်မှု၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းအကျဉ်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏ အမည်ဖော်ပြချက်၊ ဗြိတိသျှတို့ပြဋ္ဌာန်းထားသော ကျွန်ပညာရေးဥပဒေ၊ မြင်းမူမောင်နိုင်မိုး ရေးသားဂုဏ်ပြုသော အမျိုးသားရေး သန္နိဋ္ဌာန်ကဗျာနှင့် အမျိုးသားရေးဆောင်ပုဒ်များဖြင့် စုံလင်စွာဖော်ပြထားသည့် လက်ကမ်းစာစောင်များ (၂၅၀)စောင်ကို မြို့ပေါ်ရှိဌာနဆိုင်ရာများ၊ မြို့မဈေးမှပြည်သူများထံသို့ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)