ကလောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကလော ဒီဇင်ဘာ

၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာနရှိ ရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ်ဖြင့်  ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ ကလောမြို့မဈေး နှင့် အောင်ပန်းဈေး တို့တွင် ပြည်သူများထံ လက်ဝယ်အရောက်  ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော် အကြီးအကဲများ၏ အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ သဝဏ်လွှာနှင့် မိန့်ခွန်းကောက်နုတ်ချက် များနှင့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်အပါအဝင် အမျိုးသားအောင်ပွဲ နေ့သမိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ စသည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သိကောင်းစရာ အကြောင်းရာများနှင့် အမျိုးသားအောင်ပွဲနေ့ ဆိုင်ရာ ကဗျာ၊ ကာတွန်းနှင့် ဓာတ်ပုံမှတ်တမ်းများ ဝေဝေဆာဆာ ဖော်ပြပါဝင်ပြီး အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း (ပြန်/ဆက်)