နွားထိုးကြီး၊ ဒီဇင်ဘာ ၈
နွားထိုးကြီးမြို့နယ်တွင်၊ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ယနေ့ နံက် ၉နာရီက လူစည်ကားရာနေများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ထံမှပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်မှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ (၁၆-၁၀-၂၀၁၉)ရက်နေ့ တွင် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ပညာရေးမြင့်တင်မှု ကောက်နုတ်ချက်၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းအကြောင်း၊ ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကိုသ ပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းကြီး(၁၁)ဦး၏ အမည်များ၊ ဗြိတိသျှတို့ ပြဌာန်း သောကျွန်ပညာရေး ဥပဒေ၊ မြင်းမူမောင်နိုင်မိုး ရေးသားသည့် အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်ကဗျာ ဖော်ပြချက်များ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များပါသည့် လက်ကမ်းစာစောင် ၂၂၅ စောင်ကို လူအများစည်ကားရာ စည်ပင်သာယာမြို့ဈေးတွင် အခမဲ့ဖြန့်ဝေခဲ့ ကြောင်းသိရသည်။
သန်းအောင်ဇော်