ငါန်းဇွန်မြို့၌ ၂၀၂၀ပြည့်နှစ် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ငါန်းဇွန်  ၊  ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေသည့် ၂၀၂၀ပြည့်နှစ် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ငါန်းဇွန်မြို့မစည်ပင်သာယာဈေးအတွင်းနှင့် အနီးပတ်ဝန်းကျင်တို့တွင် ယနေ့နံနက် ၇နာရီခွဲမှ စ၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေဦးတည်ချက်၊ အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနင့် ပညာရေးမြှင့်တင်မှု စသည့် အသိပညာ ဗဟုသုတဆိုင်ရာများပါဝင်ပြီး၊ သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူများအသိပညာ တိုးပွားစေရန် ငါန်းဇွန်မြို့မ စည်ပင်သာယာ ဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် အနီး ပတ်ဝန်းကျင် ရှိ ဒေသခံပြည်သူများအား လှည့်လည်ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)