ထားဝယ် ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများနှင့် ပုဂ္ဂလိကကိုယ်ပိုင်စျေးများတွင် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။
စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စျေးရောင်းသူ/စျေးဝယ်သားများအားစျေးရောင်းသည့်အခါတိုင်း Mask တပ်ကြပ၊ ရေနှင့်ဆပ်ပြာဖြင့်လက်ကိုမကြာခဏဆေးပါ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင် နေထိုင်ပ၊ Mask မတပ်လျှင်စျေးအပြင်ထွက်ပေးကြပါ စသည့်အသိပညာပေးလုပ်ငန်းများကို စျေးအတွင်း လှည့်လည်၍ အသိပညာပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းအတွက် အသံသွင်းထားသည့် အသံချဲ့စက်များဖြင့်စျေးသူ/ စျေးသားများ လိုက်နာရမည့်အချက်များကိုလည်း လိုက်လံ အသိပေးနှိုးဆော် လျက်ရှိသည်။
အဆိုပါစည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စျေးများတွင် နေ့စဉ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ် နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန် မပျက်ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်လတ်(ခရိုင်ပြန်/ဆက်)