တံတားဦး မတ် ၂၅
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် တံတားဦးခရိုင် တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာအုပ်စု အိမ်မြင့်စံကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါကျေးရွာ စာကြည့်တိုက်တွင် ကျင်းပကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲများတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသညိ့စိတ်များဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် လူငယ်များ ဖြစ်ပေါ်လာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံရေး စာဖတ်စွမ်းရည်မြင့်မားလာစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပေးခြင်းဖြစ်ကြောင်းပြောကြားပြီး အိမ်မြင့်စံကျေးရွာ ကျောင်းအုပ်ဆရာကြီး ဦးနေလှိုင်ဖြိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများကစာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို စိတ်ဝင်တစား ပါဝင်ယှဉ်ပြိုင်ကြပြီး ကျောင်းသား/သူများအား စာကြည့်တိုက်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)