မြစ်သား၊ ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက် ဆိုင်များထဲမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြင်ဆင်ထားရှိပြီး A အဆင့်သတ်မှတ်ထားသော စားသောက် ဆိုင်ပေါင်း(၇၉)ဆိုင်ကို ယနေ့ နံနက်ပိုင်းက ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီး အဆိုပါဆိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့် စစ်ဆေး ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များအတွင်း လက်ဆေးဘေစင်ထားရှိမှု၊ စားပွဲပေါ်တွင်Handgel ထားရှိမှု လေဝင်လေထွက်ကောင်းမွန်မှု၊ Social Distancing နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ နှာခေါင်းစည်းနှင့် Face Shiel တပ်ဆင်ရောင်းချမှုနှင့် လက်ဆေးဆပ်ပြာထားရှိမှု စသည့်အချက်များကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် စားသောက်ဆိုင်များအားလုံး စည်းကမ်းလိုက်နာမှုရှိစေရန် အပတ်စည်ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သွားမှာဖြစ်ပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင်(၇၉)ဆိုင်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်းသိရသည်။
မြမြမွန်(ပြန်/ဆက်)