ပြည်ကြီးတံခွန် မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်(၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် (အကြို) အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီက ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဖြန့်ဝေဆောင်ရွက်ရာတွင် လက်ကမ်းစာစောင်တွင် ပါဝင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမှာစကားများ၊ တပ်မတော်နေ့အထိမ်းအမှတ် “ချစ်ညီ စစ်သည်သို့” ကဗျာစာသားများ၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်(၂) ရပ်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်နှင့် အမျိုးသားရေး ရည်မှန်းချက်(၂)ရပ် စသည့်အချက်အများ ပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များကို မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်