ငါန်းဇွန်မြို့တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ငါန်းဇွန် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များအတွင်း လူစည်ကားရာနေရာများ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက နှစ်(၈၀)ပြည့် တပ်မတော် နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများအား အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်၊ “ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးတည်ဆောက်နေ” ၂၈-၃-၂၀၂၄ရက်နေ့ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ နှင်းအပ်တာဝန် ကျေပွန်ခဲ့သည် (ဆောင်းပါး)၊ မျိုးမြတ်မြတ်မြင့်မောင်၏ ချစ်ညီ စစ်သည်သို့(ကဗျာ)နှင့် အောင်ငြိမ်းချမ်း၏ ကာတွန်းတို့ပါရှိကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)