ချမ်းမြသာစည် မတ် ၂၅
မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် (၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဌေးအောင်က ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ ဘေးအန္တရာယ်များအကြောင်း၊ သတိမပြုမိဘဲ ချဉ်းကပ်ခြင်း၊ ကိုင်တွယ်ခြင်းများမပြုသင့်သည့် အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ပြီးနောက် လက်တွေ့ သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသော နွေရာသီသင်တန်းမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ချမ်းမြေ့