ထားဝယ် မတ် ၂၅
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးစာရာများ၊ Book Club အသင်း၊ Youth Club အသင်း၊ နှင့်စာပေချစ်မြတ်နိုးသူများတို့ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲအား ပြန်လည်ပြုလုပ်ပေးလျက်ရှိကြောင်း၊ လူငယ်လူရွယ်များအတွက် စာရေးဆရာအောင်ကိုဦး (UMK) ရေးသားထားသော လူငယ်တွေကိုလမ်းဖွင့်ပေးပါ စာအုပ်အား ရွေးချယ်ထားရှိကြောင်း၊ လူငယ်တွေကို လမ်းဖွင့်ပေးပါ စာအုပ်သည် အနှစ်သာရရှိသော စာအုပ်ဖြစ်ကြောင်း၊ စာအုပ်ထဲရှိ အကြောင်းအရာများကို ဆရာကြီး/ဆရာမကြီးများက ဖတ်ရှုပြီး ရှုထောင့်အမျိုးမျိုးဖြင့် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ လူငယ်နှင့်ပတ်သက်၍ ဌာနမှဆောင်ရွက်ပေးနေသည့်အသိပညာပေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ထား၀ယ်မြို့နယ် စာရေးဆရာအသင်းမှ ဆရာဦးမြင့်စိုး(ခ)ဂဃေးက စာအုပ်ထဲရှိ အားနည်းချက်လား အားသားချက်လားနှင့် အသိအမှတ်လေးတော့ပြုပေးပါ ခေါင်းစဉ်ဖြင့် အကြောင်းအရာများကို ဖတ်ရှု၍ စတင်ဆွေးနွေးပေးခဲ့ပြီး စာရေးစာရာများ၊ Book Club အသင်း၊ Youth Club အသင်းနှင့်စာပေချစ်မြတ်နိုးသူများတို့က လူငယ်တွေကိုလမ်းဖွင့်ပေးပါ စာအုပ်ထဲရှိ ခေါင်းစဉ်အလိုက် အကြောင်းအရာများကိုဖတ်ရှုပြီး စာပေရသအတွေ့အကြုံများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)