မြောင်းမြ မတ်၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့၊ အကြိုနေ့မှ ဧပြီလ ၁၆ ရက်နေ့၊ သင်္ကြန်အတက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရန် ဆောင်ရွက်လျက်ရှိသည်၊၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို တစ်နိုင်ငံလုံးအတိုင်းတာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်လည်း ယခင်နှစ်များထက်ပိုမို၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အကပြိုင်ပွဲများ၊ အဆိုပြိုင်ပွဲများ၊ သက်ကြီးပူဇော်ပွဲ၊ နှစ်ဆန်းတစ်ရက်နေ့ဆွမ်းလောင်းလှူပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူပွဲများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်၊၊ ယခင်နှစ်ကဲ့သို့ ဗဟိုရေကစားမဏ္ဍပြုလုပ်၍ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်ဖြင့် ရေပက်ကစားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် နှစ်သစ်ကူးမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနှင့် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပနိုင်ရန် အများပြည်သူများ လုံခြုံစိတ်ချစွာဖြင့် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများအားလုံးသာမက ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူလူထုပါအတူတကွပူးပေါင်းပြီး နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ချစ်ခင်စည်းလုံးစွာ ပါဝင်ဆင်နွှဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)