စဉ့်ကိုင် ဒီဇင်ဘာ ၈
ပြန်ကြားရေး၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကိုယနေ့နံနက်(၈)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့ နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက လူစည်ကားရာနေရာများနှင့်မြို့မစျေး အတွင်း သွားရောက်၍ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက်အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတထံမှပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး အမည်စာရင်း၊ အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း ဆောင်းပါး၊ အမျိုးသားအောင်ပွဲနေ့ အဓိဋ္ဌာန်ကဗျာနှင့်နှစ်တစ်ရာပြည့််အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ် တို့ကို ထည့်သွင်း ရိုက်နှိပ် ဖော်ပြထား ကြောင်းသိရသည်။
ညိုညိုဝင်း(စဉ့်ကိုင် ပြန်/ဆက်)