လဲချားမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို online စနစ်ဖြင့် ကျင်းပ

လဲချား ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို online စနစ်ဖြင့် ယနေ့နေ့လည် (၁)နာရီက မြို့နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန လွိုင်လင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေးမှ အဖွင့်အမှာစကားပြောကြားပြီး လူမှု၀န်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာ လှုပ်ရှားမှုနှင့်ပတ်သက်၍ ဗီဒီယိုပြသခြင်း၊ လူမှု၀န်ထမ်းဦးစီးဌန က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု ဖြစ်ပေါ်လာပုံနှင့် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း၊ အသိပညာပေးဗီဒီယိုပြသခြင်း၊ တက်ရောက်လာသူများနှင့် အမေး၊အဖြေ ကဏ္ဍတို့ကို online စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)