ထားဝယ် ဒီဇင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် များကို ထားဝယ်ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် လူစည်ကားရာနေရာများ၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး အမည်ဖော်ပြချက်၊၂၀၁၉ ခုနှစ် အောက်တို ဘာလ ၁၆ ရက်နေ့တွင် တက္ကသိုလ် များဖွံ့ဖြိုးတိုးတက်မှုနှီးနှော ဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် ပညာရေးမြှင့်တင်မှု၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း ၊ မြင်းမူမောင်နိုင်မိုး ရေးစပ်သီကုံးသည့် အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်ကဗျာဖော်ပြချက်များ ၊ အထိမ်းအမှတ် ဆောင်ပုဒ်များစသည်တို့ ပါဝင်သည်။
အဆိုပါသတင်းစကားလက်ကမ်း စာစောင်များကို စျေး၊ လမ်းသွားလမ်းလာခရီးသွားပြည်သူ များနှင့်Taxi ဂိတ်များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသသည်။
ကျော်ကျော်လတ်(ခရိုင်ပြန်/ဆက်)