တနင်္သာရီတိုင်းဒေသကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များလမ်းညွှန်မှာကြား

ကော့သောင်း မတ် ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ  ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ နယ်စပ်အဝင်/အထွက် ဂိတ်မုခ်ဦးအပါ အဆောက်အဦတည်ဆောက်သည့်လုပ်ငန်းနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ် တရားရုံးသစ် အဆောက်အဦတည်ဆောက်သည့် လုပ်ငန်းအဆောက်အဦနေရာများသို့  ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ရှေးဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ ကော့သောင်းမြို့ မြို့မဆိပ်ကမ်းနေရာ၌ တည်ဆောက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ နယ်စပ်အဝင်/အထွက်ဂိတ်မုခ်ဦးအပါ အဆောက်အဦတည်ဆောက်သည့် လုပ်ငန်းနေရာသို့သွားရောက်၍ အဆောက်အဦ အ‌ချောသပ်ဆောက်ရွက်နေမှု အခြေအနေများအား လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့သောင်းခရိုင်နှင့်မြို့နယ်တရားရုံးသစ်ဆောက်လုပ်နေသည့် အဆောက်အဦနေရာသို့ သွားရောက်ခဲ့ပြီး အဆောက်အဦ အ‌ချောသပ်ဆောက်ရွက်နေမှု အခြေအနေများအား လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)