ဘုတ်ပြင်း ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း နှင့်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ် ဆေးထိုးပေးခြင်းများကို ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမားရေးဌာန ဆေးပေးခန်း တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အမျိုးသမီးကျန်းမားရေးဆရာမ ဒေါ်ရီရီသန်းက ဦးဆောင်၍ ကျန်းမားရေးဝန်ထမ်းများက မွေးကင်းစကလေးငယ်နှင့် (၂)နှစ်အောက် ကလေးငယ် များ အား ဆုံဆို့နာ၊ ကြက်ညာချောင်းဆိုး ၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)စသည့် (၅)မျိုးစပ်ကာကွယ်ဆေးထိုးနှံပေးခြင်း နှင့်ပိုလီယိုအကြောသေ ရောဂါ ကာကွယ်သည့် အစက်ချဆေး တိုက်ကျွေးခြင်း၊ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာနနှင့် ကျေးလက်ကျန်းမာရေးဌာန ခွဲများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)