ကြာအင်းဆိပ်ကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကြာအင်းဆိပ်ကြီး၊ ဒီဇင်ဘာ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ယနေ့နံနက်ပိုင်းက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဇမိရတနာ မြို့မဈေး အတွင်းနှင့် ယာယီပျံကျဈေး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ သည်။

အဆိုပါလက်ကမ်းစာစောင်တွင်  ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ၁၉၂၀ ပြည့်နှစ်၊ ရန်ကုန်ကောလိပ်နှင့်ယုဒသန်ကောလိပ်မှ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို ဆန့်ကျင် သပိတ်မှောက်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းဓာတ်ပုံများ၊ အမျိုးသားအောင်ပွဲနေ့သမိုင်း ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ မိန့်ခွန်းကောက်နှုတ်ချက်များ ၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁) ဦး၊ ဗြိတိသျှ တို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ မြင်းမူမောင်နိုင်မိုး၏အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန် ကဗျာတို့ပါဝင် ပြီး တိုင်းရင်းသားအားလုံးအမျိုးသားရေးစိတ်ဓာတ်များ နိုးကြားလာစေရန် ညီညွတ်မှုစွမ်းအားဖြင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ရန်ရည်ရွယ်၍ ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

သဲဝါ(ပြန်/ဆက်)