ကော့ကရိတ် ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေကျပ် (၂၃၀.၄၁)သန်း ဖြင့် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး-ကျော်ခို ကျေးရွာချင်းဆက်လမ်းပေါ်ရှိ (၆၅)ပေသံကူကွန်ကရစ် တံတား(၂)စင်းတည်ဆောက်ရေး မြေစမ်းသပ်မှုပြုလုပ်ဆောင်ရွက်ခြင်းအား ယမန်နေ့ နံနက်ပိုင်းက ကော့ကရိတ် ခရိုင် ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများသည် ကော့ကရိတ်မြို့နယ်၊ နဘူးတံခွန်တိုင်ကျေးရွာအုပ်စု၊ ထို့ကော်ကိုးကျေးရွာ၊ မြဝတီမြို့သို့လည်းကောင်း၊ မြဝတီမြို့နယ်မှ ရွှေက္ကို၊ တစ်ဖက်ထိုင်းနိုင်ငံတို့ကိုလည်းကောင်း အချိန်တိုအတွင်းသွားလာနိုင်မည်ဖြစ်၍ဒေသအတွင်းရှိ ထုတ်ကုန်များအား သယ်ယူပို့ဆောင်ရေး ပိုမိုလွယ်ကူချောမွေ့စေမည်ဖြစ်သည်။ ထို့အပြင်ယခုကာလ၌ တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကြောင့် ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေမည်ဖြစ်ကြောင်း နယ်စပ်ဒေသတိုင်းရင်သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တာဝန်ခံတစ်ဦး၏ပြောကြားချက်အရသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)