ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

 

ဟိုပုံး   ဒီဇင်ဘာ ၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ရုံးများ၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ဝန်ထမ်းများက ယနေ့မွန်းလွဲ (၂)နာရီ အချိန်တွင် ၂၀၂၀ပြည့်နှစ်၊ နှစ် တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့လက်ကမ်းစာစောင်တွင် နှစ်တစ်ရာပြည့်အမျိုးသား အောင်ပွဲ နေ့ ဦးတည်ချက်များ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ (၉၉)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့်သဝဏ်လွှာမှ ကောက် နုတ်ချက်ဖြစ်သည့် ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု၊ ပညာရေး မြှင့်တင်မှုများ၊ ဗြိတိသျှတို့ပြဋ္ဌာန်း သော ကျွန်ပညာရေးစနစ်၊ စာရေးဆရာ မြင်းမူမောင်နိုင်မိုးရေးသားသည့် အမျိုးသားအောင်ပွဲနေ့ သန္နိဌာန် ကဗျာ စသည့် ဗဟုသုတဆိုင်ရာများပါဝင်သည့် အမျိုးသားအောင်ပွဲနေ့ လက်ကမ်းစာစောင်များ ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

ဟိုပုံး(ပြန်/ဆက်)