မိုးညှင်း ဧပြီ ၁၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၏ ကျက်သရေဆောင် မဟာနိမ္မိတမုနိ မြသိန်းတန်ဘုရားကြီး၌ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့ပေါ်ရပ်ကွက်များမှ ယောဂီများကကြီးမှူး၍ အန္တရာယ်ကင်းရတနသုတ်(ပါဠိ)ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ (၁၀)ရက်နေ့ နံနက် (၇)နာရီမှ (၉)နာရီအထိ ကျင်းပခဲ့သည်။
ထိုသို့ ရွတ်ဖတ်ပူဇော်ရာတွင် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်များမှယောဂီအဖွဲ့တို့က ဗုဒ္ဓမြတ်စွာဘုရားအားရှိခိုးပူဇော်၍ အန္တရာယ်ကင်းရတနသုတ်(ပါဠိ)ကို ကိုးကြိမ်ရွတ်ဖတ်ပူဇော်ကာ ၎င်းရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ(၈)ရက်မှ (၁၆)ရက်ထိ ကိုးရက်တိုင်တိုင် အလှည့်ကျရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။
အဆိုပါ ရွတ်ဖတ်ပူဇော်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
ရွှေမိုးညှင်း