တန့်ယန်း ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း(Facility Quarantine Centre) တွင် ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲ နမူနာ ရယူခဲ့သူ အားလုံး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက် ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်ရေးစခန်း(Facility Quarantine Centre)တွင် မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ ဒေါက်တာစိုးသန်းထိုက်နှင့် တာဝန်ရှိသူတို့က ကြီးကြပ်ကာ ကန့်သတ်စောင့်ကြည့်ထားသူ (၃၅)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာ တို့ဖတ်များအား မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများက ရယူကာ မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပို့ဆောင်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓါတ်ခွဲအတည် ပြုချက်ရယူခဲ့ရာ ရောဂါပိုး မရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)