ပင်းတယမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) ဆွေးနွေး ဟောပြောပွဲ ကျင်းပပြုလုပ်

ပင်းတယ   ဒီဇင်ဘာ   ၈

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသောအသက် (၂)နှစ်အောက်ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီက ပင်းတယမြို့၊ အင်းငယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးထ္ဂေးက ကျေးရွာအရောက် အသိပညာပေးဟောပြောပွဲ လာရောက်ပြုလုပ်ပေး ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဟောပြောပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုထားဝေ ကပင်းတယမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ် အောက်ကလေး ငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို လည်းကောင်း၊ သဘာဝဘေး စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းမာသိန်းက သဘာဝဘေးကျရောက်ခဲ့ပါက မိမိဌာနက ကူညီ ဆောင်ရွက်မှု များကို လည်းကောင်း ဆွေးန္ဂေးဟောပြောခဲ့ပါသည်။

ဆွေးနွေးပွဲတွင်  အင်းငယ်ကျေးရွာမှ ကိုယ်ဝန်ဆောင်များနှင့် ကလေးမိခင်များအား ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး လိုအပ်သည်များ ကိုလည်း ပေါင်းစပ်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ဆွေးနွေးပွဲ အပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးထွေးနှင့် ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် အတွဲ(၄) အမှတ်( ၇ ) များကို ဖြန့်ဝေပေးခဲ့ကြောင်း လည်းသိရသည်။

ပင်းတယ ( ပြန်/ဆက် )