ကျောင်းကုန်း ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ ယနေ့သင်္ကြန်အကြတ်နေ့နံနက်ပိုင်းက စတုဒိသာမဏ္ဍပ်များဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိသည်။
ကျောင်းကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စတုဒီသာမဏ္ဍပ်(၁)၌ ခေါက်ဆွဲကြော်၊ စတုဒိသာမဏ္ဍပ်(၂)၌ မုန့်လုံးရေပေါ် စတုဒိသာမဏ္ဍပ်(၃)၌ ရွှေရင်အေး၊ စတုဒိသာမဏ္ဍပ်(၄)၌ နို့သစ်ခွတို့ဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိပြီး၊ မြန်မာ့ရိုးရာသနပ်ခါးမဏ္ဍပ်၌ သနပ်ခါးလိမ်းခြယ်ကြသူများဖြင့် စည်ကားစွာကျင်းပလျက်ရှိကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)