ပန်းတနော် ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ ရိုးရာယဥ်ကျေးမှုအစဥ်အလာမပျက် သိမ်မွေ့စွာ ရေပက်ကစားလျက်ရှိကြသည်။
ပန်းတနော်မြို့၊ ဗိုလ်ချုပ်လမ်းရှိ ရေပက်ကစားကြသည့် မဏ္ဍပ်နေရာများတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်မှစတင်ကာ ရွှေရင်အေးကို စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် ရေပတ်ကစားကြသူများအား တစ်ဦးနှင့်တစ်ဦး ရေဖလားများဖြင့် ရိုးရာယဥ်ကျေးမှုအစဥ်အလာမပျက် သိမ်မွေ့စွာရေကစားလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)