ကျိုက်လတ် ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်လမ်းလျှောက်သင်္ကြန်တွင် ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း(၁၀)ဖြတ်လမ်းထိပ်ရှိ ရွှေလတ်ဧရာစတုဒီသာမဏ္ဍပ်၌ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပရာ ပြည်သူများအေးချမ်းစွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မြို့နယ်စတုဒိသာမဏ္ဍပ်တွင် မုန့်လုံးရေပေါ်များဖြင့် ကျွေးမွေးလှူဒါန်းခြင်း၊ ရေသဘင်ပွဲ လာရောက်ပါဝင်ဆင်နွှဲကြသူပြည်သူများအား မြန်မာ့သနပ်ခါးလိမ်းခြယ်ပေးခြင်းနှင့်အတူ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင်