ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ကျန်းမာရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများလှူဒါန်း

ဟားခါး         ဒီဇင်ဘာ ၉

 

ချင်းပြည်နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ ဟားခါးမြို့၊ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပေးအပ်ရာတွင် မျက်မှန်(Goggle)(၃၀၀)ခု၊ လက်သန့် ဆေးရည်(၅၀၀)ဗူး၊ Mask နှင့် Face Shield (၃၀၀)ဗူး၊ ကျန်းမာရေးတွင် အသုံးပြုသည့် ဝတ်စုံ(Gown)(၁၀၀)ခု၊ကျန်းမာရေးတွင် အသုံးပြုသည့် ရင်ကာဝတ်စုံ (Apron)(၁၀၀)ခုနှင့် ကျန်းမာရေးသုံးလက်အိတ်(Surgical Glove)(၃၄၀၀)ဗူး တို့ကို ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် United Nations Development Programme (UNDP)အဖွဲ့က ပေးအပ်လှူဒါန်းခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉  ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် အတွက် အလှူရှင်များအနေဖြင့် အလှူငွေများနှင့်ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ထည့်ဝင် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)