မအူပင် ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့)တွင် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ အစဉ်အလာမပျက်ရေကစားခြင်း၊ မြန်မာ့သနပ်ခါးလိမ်းခြင်းနှင့် စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းများအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါမြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ညီမဟာသင်္ကြန်ပွဲတော်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းဦးဆောင်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ ရိုးရာမပျက်ရေကစားခြင်း၊ သနပ်ခါးများလိမ်းခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)