နေပြည်တော် ဧပြီ ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအား ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက် စီးခဲ့သည့် နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ ပါဋ္ဌိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်ကြီးအား နဝကမ္မအလှူငွေ၊ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အနုမောဓနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ မြို့လယ်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမျှော်ကြည်ညိုကာ နဝကမ္မအလှူငွေ၊ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးကျောင်းအတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ တပေါင်းကွင်းတွင် ငလျင်ဘေးဒဏ်ကြောင့် ယာယီတည်းခိုရေးစခန်းဖွင့်လှစ်၍ နေထိုင်လျက်ရှိသည့် ပြည်သူများအား ကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့၍ ထိုမှတဆင့် ပျဉ်းမနားဘူ တာသို့ရောက်ရှိပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့ ဇေယျာရာမသီလရှင် စာသင်တိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင် သီလရှင်ဆရာကြီးအား နဝကမ္မအလှူငွေ၊ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့၊ ဘုရားကြီးဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကာ ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမျှော်ကြည်ညိုပြီး နဝကမ္မအလှူငွေ၊ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဘုန်းတော်ကြီး ကျောင်းအတွင်း ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် နေရာများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းနောက် လယ်ဝေးမြို့၊ နေပြည်တော်အားကစားလေ့ကျင်ရေးစခန်း(၂)သို့ သွားရောက်ကာ ငလျင်းဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်၍ ထိုမှတစ်ဆင့် ဇမ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်တိုက်သစ် ဘုန်းတော်ကြီးကျောင်း၊ မဟာစည်သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်းနှင့် မဟာဝိဇိတာရုံကျောင်းတိုက်များသို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော် ကြီးများအား ဖူးမျှော်ကြည်ညိုကာ နဝကမ္မအလှူငွေ၊ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)