လယ်ဝေး ဧပြီ ၁၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက သီရိလင်္ကာနိုင်ငံမှဆေးအဖွဲ့က အမှတ်(၆)ရပ်ကွက်၊ ဓမ္မာရုံတွင် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ သီရိလင်္ကာနိုင်ငံ၊ ဆေးတပ်ဖွဲ့တွင် ဆရာဝန် ၅ ဦး၊ သူနာပြု ၁၀ ဦး၊ အထောက်အကူပြု ၃ ဦးပါဝင်ပြီး လယ်ဝေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ မြို့နယ်အတွင်းရှိပြည်သူများအား ဆေးကုသပေးခဲ့သည်။ ယမန်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ အထွေထွေရောဂါလူနာ ၆၀ ဦး၊ အရိုးရောဂါလူနာ ၁၂ဦးနှင့် ခွဲစိတ်လူနာ ၇ ဦး စုစုပေါင်း ၇၉ ဦးအား ဆေးကုသပေးခဲ့ကြောင်းသိရသည်။
ဝေကြည်(ပြန်/ဆက်)