ထားဝယ် ဧပြီ ၁၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်ဇီဝိတဒါန ငါးလွှတ်ပွဲ ကိုယနေ့နံနက် ၇ နာရီ ကထားဝယ်မြို့၊ ဒေါင်းငူ/တံငါရပ်ကွက် ၊ ဆိပ်ကမ်းသာဘောတံတား၌ကျင်းပသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန် ထမ်းများတို့က ငါးသားပေါက်အကောင်မျိုးစုံအား ဆိပ်ကမ်းသာ ဘောတံတားပေါ်မှ ထားဝယ်မြစ်အတွင်းသို့ ကုသိုလ်ပြုဇီဝိတဒါန ငါးလွှတ်ပေးကြသည်။
ထို့နောက်အသက်(၉၀)နှစ်အထက်သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားကို နံနက် ၉ နာရီ က သာသနာ့ ဗိမာန်တော်ကြီး၌ဆက်လက်ကျင်းပရာ အခမ်းအနားတွင်တိုင်း ဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုက အဘိုးအဘွားများ အားပူဇော်ကန်တော့ရခြင်းအကြောင်းအမှာစကားပြောကြားပြီး ဖိတ်ကြားထားသောဧည့်သည်တော်များ က အဘိုး အဘွား (၃၅)ဦးအားပူဇော် ကန်တော့ကြသည်။
ဆက်လက်၍ အဘိုးအဘွားများကိုယ်စား အဘွား တစ်ဦးက ဝမ်းမြောက်စကားပြောကြားပြီး ဆုတောင်းမေတ္တာ ပို့သ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်တာဝန်ရှိသူများက အဘိုးအဘွား များအား အလှူငွေများနှင့်ကန်တော့ လက် ဆောင်ပစ္စည်းများပေးအပ်ကာ အဘိုးအဘွားများအား ကုသရေးဦးစီးဌာန က ကျန်းမာရေး ဆေးစစ်ကုသပေးသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ က ကန်တော့ခံဘိုးဘွား(၃၅)ဦးအားအတွက် ကန့်တောခံပစ္စည်းနှင့် ကန်တော့ငွေတစ်ဦး လျှင်ငွေကျပ် ၇၇၀၀၀ (ခုနှစ်သောင်းခုနှစ်ထောင်)နှုန်းနှင့် ထားဝယ်မြို့နယ် အတွင်းရှိအသက်(၉၀)နှစ်အထက်အဘိုး အဘွား (၃၅၀)ဦး စုစုပေါင်း (၄၉၁)ဦး အတွက်တစ်ဦးလျှင် ကျပ် ၅၀၀၀၀ (ငါးသောင်း)နှုန်းဖြင့်စုစုပေါင်းငွေကျပ် ၂၀၁၂၅၀၀၀ (နှစ်ရာတစ် သိန်းနှစ်သောင်းငါး ထောင်) ကျပ် အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)