မြောင်းမြအကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ (၂၁၁) ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

 

မြောင်းမြ ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြအကျဥ်းထောင်မှ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဥ်းသား(၁၅၄) ဦး၊ အကျဥ်းသူ(၅၇) ဦး၊ စုစုပေါင်း အကျဥ်းသား၊ အကျဥ်းသူ(၂၁၁)ဦးတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၇-၄ -၂၀၂၅ ရက်စွဲပါ အမိန့်စာအမှတ် (၃၁/၂၀၂၅) အရ လွတ်ငြိမ်ချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။

 အဆိုပါ မြောင်းမြအကျဥ်းထောင်မှ ပြစ်ဒဏ်ကျခံလျက်ရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား၊ အကျဥ်းသူ (၂၁၁) ဦးအား မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသောင်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအုန်းသိန်းနှင့် တာဝန်ခံအရာရှိဦးစောဇော်မြင့်ဆွေတို့က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး တည်ဆဲဥပဒေများအား တိကျစွာလိုက်နာလျက် ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်စားသောက်ကြရန်မှာကြားခဲ့ပြီး ၎င်းတို့၏ ခရီးစရိတ်ငွေ-၁,၄၄၉,၉၁၀/ကျပ် ၊ စားစရိတ်ငွေ-၂၂၇,၀၀၀/ကျပ်နှင့် လုပ်အားခငွေ-၁,၀၃၃,၅၀၀/ကျပ်တို့အား ပေးအပ်၍ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)