မြိတ် ဧပြီ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ်အခါသမယအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်၏တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင် ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/သူ(၃၂)ဦးအား ယနေ့ နံနက်(၁၁)နာရီက လွှတ်ပေးခဲ့သည်။
ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျခံနေရသည့်အကျဉ်းသား/သူများအနက်မှ အကျဉ်းသား/သူ(၃၂)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန် ပါက၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ဖြင့်လွှတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူများအနက် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား(၁၄)ဦး၊ အကျဉ်းသူ(၃)ဦးအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်တာဝန်ရှိသူများက ဆုံးမစကားများပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍လွှတ်ပေးခဲ့ပြီး ကျောက်ဖြူတောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၁၅)ဦးကိုလည်း တာဝန်ရှိသူများက ဆုံးမစကားများပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင်ခံစားခွင့်များပေး၍ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)