ဟင်္သာတ ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် မြန်မာနှစ်ဆန်း (၁) ရက်နေ့ နံနက် ၇ နာရီက ဧရာဝတီမြစ်၊ ပခမ်းဆိပ်ကမ်းတွင် ဇီဝိတဒါနငါးလွှတ်ပွဲ ခရိုင်ငါးလုပ်ငန်းဦစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည်။
အဆိုပါဇီဝိတဒါနငါးလွှတ်ပွဲတွင် ရွှေဝါငါးကြင်းသားပေါက်ကောင်ရေနှစ်သောင်း၊ ငါးခုံးမကြီးကောင်ရေတစ်သောင်း၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ သုံးသောင်းကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြသည်။ ဇီဝိတဒါနငါးလွှတ်ကုသိုလ်ပြုရာတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်အတွင်း ငါးသယံဇာတမျိုးများ ပျောက်ကွယ်မှုမရှိစေရန်နှင့် ငါးသယံဇာတတိုးပွားစေရန်ရည်ရွယ်၍ ဇီဝတဒါနငါးလွှတ်ကုသိုလ် စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ငါးလွှတ်ပွဲသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)