နှစ်ဆန်း (၁) ရက်နေ့တွင် ဗုဒ္ဓတစ်ထောင်အကောက်တောင် (ရွှေမြင်းတင်ဘုရား) အား အနယ်နယ်အရပ်မှ ဘုရားဖူးများဖြင့် စည်းကားလျက်ရှိ

ကြံခင်း ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စုတွင် တည်ထားကွယ်လျက်ရှိသော ၁၃၈၇ ခုနှစ်၊ နှစ်ဆန်း (၁) ရက်နေ့၌ ဗုဒ္ဓတစ်ထောင်အကောက်တောင် (ရွှေမြင်းတင်ဘုရား) အား အနယ်နယ်အရပ်မှ ဘုရားဖူးများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓတစ်ထောင်အကောက်တောင် (ရွှေမြင်းတင်ဘုရား) အား ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့မှလည်းကောင်း၊ ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့မှလည်းကောင်း ကားလမ်း၊ ရေလမ်းကြောင်းတို့မှ သွားရောက်ဖူးမြော်နိုင်ပြီး၊ ဧရာဝတီမြစ်အတွင်းမှ စက်လှေဖြင့် နံရံကပ်ရုပ်ပွားတော်များကိုလည်း ဖူးမြော်နိုင်သဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများလာရောက်ခြင်း၊ ဘုရားဖူးပြည်သူများအား ရွှေမြင်းတင်ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာမများက အသားလွတ်ထမင်း၊ ပဲဟင်းများဖြင့် နေစဉ်ကျွေးမွေးလှူဒါန်းလျက်ရှိသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)