ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့မိသားစုမှ မတည်လှူဒါန်းသော (ပထမ) အကြိမ် မြို့နယ်လုံးဆိုင်ရာ နှစ်ဦးဓမ္မသဘင် တရားပွဲကျင်းပ

ကြံခင်း ဧပြီ ၁၈

ဧရာဝတီတိုင်း​ဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယမန်နေ့ ညပိုင်းတွင် ၁၃၈၇ ခုနှစ်၊ နှစ်ကူးကာလ၌ ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးတမ်းနှင့်အညီ ကုသိုလ်တရားများဖြင့် ထုံမွှမ်းပြီး မင်္ဂလာရှိစွာဖြင့် နှစ်သစ်ကိုစတင်သည့်အနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့မိသားစုမှမ မတည်လှူဒါန်းသော (ပထမ) အကြိမ် မြို့နယ်လုံးဆိုင်ရာ နှစ်ဦးဓမ္မသဘင်တရားပွဲကို စုပေါင်းကျင်းပခဲ့သည်။

ဦးစွာ ၅၂၈ လူငယ်ဖွံ့ဖြိုးပရဟိတ ကျောက်တိုင်ကျောင်းအုပ်ဆရာတော် သီတဂူဗုဒ္ဓတက္ကသိုလ် (ပြည်) (ပါမောက္ခ) ဒေါက်တာ ပညာနန္ဒ Ph.D (Thesis) အား အကျိုး​တော်ဆောင်အဖွဲ့မှ တရားဟောပလ္လင်ထက်ကိုပင့်ဆောင်ပြီး တရားနာပရိတ်သတ်က နမောတဿသုံးကြိမ် ဘုရားကန်တော့ကာ နှစ်ဦးဓမ္မသဘင်ကိုဖွင့်လှစ်ကြသည်။ ထို့နောက် ဒေါက်တာ ပညာနန္ဒက "အသက်ကိုရင်း၍ သာသနာတည်ခဲ့သည်" နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်ဇနီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် ဇနီး၊ ဗိုလ်မှူးသောင်းထွဋ်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဓမ္မမိတ်ဆွေများ တက်ရောက်ကြည်ညို တရားတော်နာယူကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်စိုး၊ ဗိုလ်မှူး သောင်းထွဋ်လွင်နှင့် ဓမ္မမိတ်ဆွေအလှူရှင်များက ဓမ္မပူဇာအလှူငွေ ကျပ် ၂၈၉၀၀၀၀/- အား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)