သာပေါင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

သာပေါင်း ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ယနေ့ ဧပြီလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ပိန္နဲကုန်း ကျေးရွာရှိ ကိုကိုလေး (KKL) စက်သုံးဆီအရောင်းဆိုင်၌ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့က အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်သူလွင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စာသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလတ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကိုကိုလေး (KKL) စက်သုံးဆီအရောင်းဆိုင်တွင် အသိပညာပေးပြောကြားပြီး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက ရှေးဦးမီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ အမြုပ်မီးသတ်ဆေးရည်အသုံးပြု၍ မီးငြှိမ်းသတ်နည်းတို့ဖြင့် ဇာတ်တိုက်လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး