သာပေါင်း ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့ သက်ကြီးဘိုးဘွားများအား လှူဒါန်းပူဇော်ကန်တော့ပွဲကို ယနေ့ ယမန်နေ့၊နံနက် ၇ နာရီအချိန်က အမှတ် (၂) ရပ်ကွက်၊ ကန္နားလမ်း၊ ပြည်သူ့ပန်းခြံရှိ မဏ္ဍပ်၌ ကျင်းပခဲ့ကြသည်။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပေါင်းတဲ့အခါသမယ မြန်မာနှစ်ဆန်း (၁) ရက်နေ့မှာဖြင့် “ဂါရဝေါစ နိဝါတောစ သန္တုဌီစ ကတညုတာ ကာလေန ဓမ္မသာဝနံ ဧတံ မင်္ဂလ မုတ္တမံ” မင်္ဂလာတရားတော်နှင့်အညီ ရိုသေသင့် ရိုသေထိုက် ပူဇော်သင့်ပူဇော်ထိုက်သော သက်ကြီးဘိုးဘွားများအား လက်ဆယ်ဖြာဦးထိပ်တင်ကာ ရှိးခိုးကန်တော့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့မှ သက်ကြီးဘိုးဘွားများအတွက် တစ်ဦးလျင် (၂၀၀၀၀) ကျပ်၊ ဦးတင်မောင်လင်း (ဟုတ်လင်းရွှေဆိုင်) မိသားစုများမှ သက်ကြီးဘိုးဘွားများအတွက် တစ်ဦးလျင် (၁၀၀၀၀) ကျပ် ပေါင်း (၃၀၀၀၀) ကျပ်နှင့် လှူဖွယ်ပစ္စည်းတို့ကို သက်ကြီးဘိုးဘွား (၃၀) ဦးတို့အား အသီးသီးလှူဒါန်းပူဇော်ကန်တော့ကြရာ အဘိုးတစ်ဦးမှ ဆုပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး