မိုင်းပန် ဧပြီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြိုနယ်တွင် ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲနှင့် မြန်မာ့ရိုးရာ နှစ်သစ်ကူး သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြို့နယ်စဝ်ကောလီခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပသည်။
အခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ် ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ (၅)ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဇျာယ်တော်မူသော ပရိတ် တရားတော် များနာယူခဲ့ကြပြီးလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအမျှ ပေးဝေခြင်း၊ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့မှ အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ် သရဇ္ဇျာယ်ခြင်း၊ သံဃာစုံ ပြန်လည်ကန်တော့ခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ မြန်မာ့ရိုးရာနှစ်သစ်ကူး သက်ကြီးပူဇော်ပွဲကျင်းပရာ ကန်တော့ခံ အဘိုး၊ အဘွား များအားရှိခိုးဦးချကန်တော့ခြင်း၊ လှူဖွယ်ပစ္ဂည်းများ လှူဒါန်းခြင်း ကြွရောက်လာသော ကန်တော့ခံ အဘိုး၊ အဘွားများက ဆုတောင်းမေတ္တာစကားချီးမြှင့်ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)