အင်္ဂပူမြို့နယ်၌ ၁၃၈၇-ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သံဃာတော်အရှင်သူမြတ်များမှ အန္တရာယ်ကင်းပရိတ်ရွတ်တော်များ ပွားခြင်းနှင့် ပရိတ်ရေများ ပက်ဖြန်းခြင်းပြုလုပ်

အင်္ဂပူ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့ ညနေပိုင်းက မြို့‌ပေါ်ရပ်ကွက်များတွင်းသို့ အန္တရာယ်ကင်းပရိတ်‌တော်များ လှည့်လည်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေများ ပက်ဖြန်းခြင်းများ ပြုလုပ်ခဲ့သည်။

မြို့တွင်းသို့လှည့်လည် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေများ ပက်ဖျန်းခြင်းများကို မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တမဏ္ဍလ ဦးဆောင်သော‌ ဆရာတော်များမှ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ပြီး အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ပွားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌ဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရေသည်ယာဉ်ဖြင့် ပရိတ်ရေများ ပက်ဖြန်းခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ဆရာတော်များအား လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါမြို့တွင်းသို့ မြို့တွင်းသို့ လှည့်လည်အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေများ ပက်ဖျန်းခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် နှစ်စဉ်မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန်ကျော် (ပြန်/ဆက်)