ကော့သောင်းမြို့တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်များ ဖြန့်ဝေ

ကော့သောင်း  ဒီဇင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့် ကျော် (၁၀)ရက်နေ့တွင် ကျရောက်သည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် အတွဲ(၄)၊ အမှတ်(၇)ကို  ယနေ့နံနက်ပိုင်းက မြို့မဈေးနှင့် လူစည်ကားရာနေရာကမ်းနားလမ်းတို့တို့တွင် အခမဲ့လိုက်လံဖြန့်ဝေ ခဲ့ကြကြောင်း သိရသည်။

အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်း၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း ကောက်နုတ် ချက်များ၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီ တီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန ်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးနှင့် ကဗျာဆရာ မြင်းမူမောင်နိုင်မိုး၏ “အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်”ကဗျာ စသည့် အကြောင်းအရာများ ပါဝင်ပြီး ပြည်သူအများ လေ့လာသိရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေ  ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)