အင်ဂျန်းယန်မြို့နယ် ဒေသခံပြည်သူများအတွက် ဥယျာဉ်ခြံမြေဖော်ထုတ်မည့်မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

အင်ဂျန်းယန်   ဒီဇင်ဘာ  ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၊ အင်ဝိုင်းကောင်ကျေးရွာအုပ်စု၊ အင်လော့ဒ်ယန်ကျေးရွာ မိုင်လီကောင် ကွင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၇၀)ဖြင့် အင်ဂျန်းယန်မြို့နယ် ဒေသခံပြည်သူများအတွက် ဥယျာဉ်ခြံမြေဧက (၂၀၀) ဖော်ထုတ်သွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ထွန်းထံမှ သိရှိရသည်။

အဆိုပါ ယျာဉ်ခြံမြေဖော်ထုတ်မည့်မြေနေရာသို့ ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁) ဦးဇော်မိုးနော်နှင့်အတူ မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်စာရင်းအင်းနှင့် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှု လယ်ယာ ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက သတ်မှတ်မြေနေရာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)